စီးပွားလုပ်ငန်းများ

JobKeeper ထောက်ပံ့ကြေး

အစိုးရ၏ JobKeeper ထောက်ပံ့ကြေးငွေအားဖြင့် ကိုရိုနာဗိုင်းရတ်စ်၏ ကြီးကြီးကျယ်ကျယ် စီးပွားရေး သက်ရောက်မှုကြောင့် ထိခိုက်ခံရသော သြစတြေးလျန်းလူထုအား အလုပ်မြဲနေစေရန် နှင့် စီးပွားလုပ်ငန်းများအား ပံ့ပိုးပေးစေမည်ဖြစ်ပါသည်။

လုပ်ခ စိုက်ပေးငွေ အစီအစဥ်အရ အလုပ်သမားများသည် နှစ်ပတ်လျှင် ထောက်ပံ့ငွေ ဒေါ်လာ $1,500 (အခွန် မဖြတ်မီ) ကို မိမိတို့၏ အလုပ်ရှင်ထံမှတစ်ဆင့် ရရှိပါမည်။

တစ်ဦးတည်း ကိုယ်ပိုင် စီးပွားလုပ်ငန်းရှင်များသည် JobKeeper ထောက်ပံ့ငွေကို မိမိတို့၏ myGov စာရင်းမှ ဝင်နိုင်သည့် ဝက်ဘ်ဆိုက် ATO online services တွင် လျှောက်ထားနိုင်သည်။

စီးပွားလုပ်ငန်းများနှင့် အမြတ်အစွန်းအတွက်-မဟုတ်သော အဖွဲ့အစည်းများသည် JobKeeper ထောက်ပံ့ငွေကို မိမိတို့၏ myGovID app (၎င်းမှာ myGov နှင့် မတူပါ) ကိုသုံး၍ ဝင်နိုင်သည့် Business Portal တွင် လျှောက်ထားနိုင်သည်။

ငွေတောင်းခံလွှာများ နှင့် လုပ်ခများ ပေးရန် ငွေလည်ပတ်မှု ရှိနေစေရန် သေချာစေခြင်း

ရယူထိုက်သည့် အသေးစားမှ အလယ်အလတ်-အတန်းအစားအရွယ် စီးပွားလုပ်ငန်းများ လည်ပတ်ရေး၊ ငွေတောင်းခံလွှာများ ငွေပေးချေရေးနှင့် အလုပ်သမားများ ဆက်လက် အလုပ်ခန့်ထားနိုင်ရေး လုပ်ရန် ယာယီ ငွေလည်ပတ်မှု ငွေဒေါ်လာ $100,000 အထိ ရရှိနိုင်ပါသည်။

ပိုမိုသိရှိရန်-

အလုပ်သင်များ နှင့် သင်တန်းသားများ

အစိုးရသည် သြစတြေးလျနိုင်ငံ၏ ကျွမ်းကျင် လုပ်သားအင်အားစု ဆက်လက်ဖွံ့ဖြိုးရေးအား ပံ့ပိုးပေးနေလျက်ရှိပြီး ရထိုက်သည့် စီးပွားလုပ်ငန်းများအား အလုပ်သင်များနှင့် သင်တန်းသားများကို ဆက်လက် ခန့်ထားနေစေရန် လုပ်ခ စိုက်ပေးငွေ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ $21,000 အထိ ပေးကမ်းခြင်းအားဖြင့် ကူညီပေးနေပါသည်။

ပိုမိုသိရှိရန်-

ကရက်ဒစ်အကြွေးနှင့် ချေးငွေများ

ကရိုနာဗိုင်းရတ်စ် အက်စ်အမ်အီး အာမခံ အစီအစဥ် (Coronavirus SME Guarantee Scheme) အသစ် ဆိုသည်မှာ လာမည့် လများအတွင်း သင့်အား ထောက်ပံ့ရန်အတွက် အစီအစဥ်တွင် ပါဝင်သည့် ငွေချေးသူများထံမှ အပိုချေးငွေကို သင် ချေးယူနိုင်ပါလိမ့်မည်။

အစိုးရသည် SME ငွေချေးသူများကို အပေါင်မဲ့ ချေးငွေ အသစ်တို့အတွက် ရင်းနှီးငွေ အဖြစ်အသုံးပြုရန် အာမခံ အဖြစ် ၅၀ ရာခိုင်နှုန်းကို ပေးပါမည်။

အစိုးရသည် ရှိရင်းစွဲ အသေးစား စီးပွားလုပ်ငန်း ဖောက်သည်များသို့ ကရက်ဒစ် အကြွေး ချေးပေးနေသည့် ငွေချေးသူများအတွက် တာဝန်ရှိသော ချေးငှါးသည့် တာဝန်ခံမှုများကို ကင်းလွတ်ခွင့်လည်း လုပ်ပေးနေပါသည်။

ဤကင်းလွတ်ခွင့်မှာ ခြောက်လ အတွက်ဖြစ်ပြီး စီးပွားလုပ်ငန်း ကိစ္စများအတွက် ကရက်ဒစ်အကြွေး မည်သည့်အကြွေးကိုမဆို သက်ဆိုင်သည်၊ ကရက်ဒစ်အကြွေးအသစ်၊ ကရက်ဒစ်အကြွေး ကန့်သတ်ပမာဏ တိုးမြှင့်မှုများ နှင့် ကရက်ဒစ်ကြွေး ပြောင်းလဲပြင်ဆင်မှုများ နှင့် ကရက်ဒစ်အကြွေး ပြန်လည်ထူထောင်ရေးများပါဝင်သည်။

ဒေသနယ်မြေများနှင့် အပိုင်းကဏ္ဍများကို ပံ့ပိုးပေးခြင်း

အစိုးရသည် ကိုရိုနာဗိုင်းရတ်စ် ကူးစက်မှုကြောင့် အကြီးအကျယ်ဆုံး ထိခိုက်ခံရသည့် လူမှုအသိုင်းအဝိုင်းများ၊ ဒေသနယ်မြေများနှင့် လုပ်ငန်းကဏ္ဍများအား ပံ့ပိုးပေးရန် ဒေါ်လာငွေ $1 ဘီလီယံ ငွေလျှာထား၍ ခြန်ထားပေးပါသည်။ ဤရန်ပုံငွေကို ကူးစက်မှု ဖြစ်ပွားစဥ်အတွင်း ကူညီရန် နှင့် ပြန်လည်နာလန်ထကောင်းမွန်ရေးအတွက် ကူညီရန် ရရှိနိုင်ပါသည်။ ထို့ပြင် အစိုးရသည် ကျွန်ုပ်တို့၏ လေကြောင်း လုပ်ငန်းကဏ္ဍကို ဒေါ်လာ သန်းပေါင်း $715 သန်း အထိ ငွေမှတစ်ဆင့် အကူအညီပေးနေလျက်ရှိသည်။

သင့် စီးပွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်း

စုစုပေါင်း နှစ်စဥ် ဝင်ငွေ ဒေါ်လာ သန်းပေါင်း $500 အောက် ရှိသည့် စီးပွားလုပ်ငန်းများအတွက် အရင်းအနှီးပစ္စည်း ကုန်ကျငွေကို ခုနှိမ်ခွင့်ရှိသောကုန်ကျငွေအဖြစ် ချက်ချင်း ခုနှိမ်ရန် အမြင့်ဆုံးသတ်မှတ်နှုန်းအား ဒေါ်လာ $30,000 မှ ဒေါ်လာ $150,000 အထိ တိုးမြှင့်ပေးလိုက်သည်။

သင့် ဂိုဒေါင်အတွက် သို့မဟုတ် တစ်ပတ်နွှမ်း ထွန်စက်အတွက် ကိရိယာ အသစ် ဝယ်ယူနေသည်ဖြစ်စေ သင့် စီးပွားလုပ်ငန်းသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တိုင် တိုးမြှင့်ပေးလိုက်ပြီး တိုးချဲ့ပေးသည့် ချက်ချင်း အရင်းအနှီး ခုနှိမ်မှုမှ အကျိုးခံစားနိုင်ပါလိမ့်မည်။

တိုးမြှင့်ပေးထားသည့် တန်ဖိုးလျော့ကျမှု ခုနှိမ်ငွေများ (Accelerated depreciation deductions) ကိုလည်း ရထိုက်သော စီးပွားလုပ်ငန်းများအတွက် ၁၅-လ ရင်းနှီးမြှုပ်နှံမှု သက်သာရေး လုပ်ငန်းစဥ် (investment incentive initiative) မှတစ်ဆင့် ရရှိနိုင်ပါသည်။

ပိုမိုသိရှိရန်-

ရထိုက်သည့်စီးပွားလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံပစ္စည်း ချက်ချင်း ခုနှိမ်မှု Instant asset write-off for eligible businesses

စီးပွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အားပေးခြင်း - တိုးမြှင့်ပေးထားသည့် ခုနှိမ်ငွေ (Backing business investment – accelerated depreciation)

အောက်ပါတို့ကိုလည်း ကြည့်ရှုပါ-