စီးပွားလုပ်ငန်းများ အတွက်

JobKeeper ထောက်ပံ့ကြေး

အစိုးရ၏ JobKeeper ထောက်ပံ့ကြေးငွေသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ကြီးကြီးကျယ်ကျယ် ထိခိုက်ခံရသော စီးပွားလုပ်ငန်းများအတွက် ယာယီ စိုက်ထုတ်ပေးငွေ တစ်ရပ်ဖြစ်ခဲ့ပါသည်။

ရထိုက်ခွင့်ရှိသော အလုပ်ရှင်များ၊ တစ်ဦးတည်းလုပ်ကိုင်သည့်သူများနှင့် အခြား အဖွဲ့အစည်းများသည် မိမိတို့၏ ရထိုက်ခွင့်ရှိသော အလုပ်သမားများအတွက် JobKeeper ထောက်ပံ့ငွေကို လက်ခံရရှိရန် လျှောက်ထားနိုင်ခဲ့သည်။ ၎င်းငွေကို ATO က အလုပ်ရှင်အား ပေးရမည့်ကာလအတွက် ၎င်းကာလကုန်ဆုံးချိန်၌ လစဥ် ပေးခဲ့သည်။

စီးပွားလုပ်ငန်းများအနေဖြင့် JobKeeper ထောက်ပံ့ငွေကို ATO online services ရှိ ATO's Business Portal မှတစ်ဆင့် စာရင်းသွင်း လျှောက်ထားနိုင်ခဲ့သည်၊ အကယ်၍ ၎င်းသူတို့သည် တစ်ဦးလုပ်ကိုင်သည့်သူ ဖြစ်လျှင် myGov ကို သုံးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် မှတ်ပုံတင်ထားသည့် အခွန်ကိုယ်စားလှယ် သို့မဟုတ် BAS ကိုယ်စားလှယ် မှတစ်ဆင့်ဖြစ်စေ စာရင်းသွင်း လျှောက်ထားနိုင်ခဲ့သည်။

JobKeeper ထောက်ပံ့ငွေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို www.ato.gov.au/JobKeeper တွင်ကြည့်ပါ။

ငွေတောင်းခံလွှာများနှင့် လုပ်ခများ ပေးရန် ငွေလည်ပတ်မှု ရှိနေစေရန် သေချာစေခြင်း

အလုပ်သမား ခန့်အပ်ထားသည့် ရထိုက်ခွင့်ရှိသော စီးပွားလုပ်ငန်းများနှင့် အမြတ်အစွန်း-မယူသော (NFP) အဖွဲ့အစည်းများသည် ငွေသား လည်ပတ်မှု မြှင့်တင်ရေး ပမာဏအဖြစ် $20,000 မှ $100,000 အကြားရှိငွေကို မိမိတို့၏ လစဉ်လုပ်ငန်းရှင်းတမ်းနှင့် သုံးလပတ်လုပ်ငန်းရှင်းတမ်းများကို ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ တင်သွင်းခြင်းအားဖြင့် လက်ခံရရှိပါမည်။

ပိုမိုသိရှိရန်-

  • အလုပ်ရှင်များအတွက် လုပ်ငန်းလည်ပတ်ငွေ မြှင့်တင်ပေးခြင်း Boosting cash flow for employers

အလုပ်သင်များနှင့် သင်တန်းသားများ

အစိုးရသည် သြစတြေးလျနိုင်ငံ၏ ကျွမ်းကျင် လုပ်သားအင်အားစု ဆက်လက်ဖွံ့ဖြိုးရေးအား ပံ့ပိုးပေးနေလျက်ရှိပြီး ရထိုက်သည့် စီးပွားလုပ်ငန်းများအား အလုပ်သင်များနှင့် သင်တန်းသားများကို ဆက်လက် ခန့်ထားနေစေရန် လုပ်ခ စိုက်ပေးငွေ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ $21,000 အထိ ပေးကမ်းခြင်းအားဖြင့် ကူညီပေးနေပါသည်။

ပိုမိုသိရှိရန်-

ကရက်ဒစ်အကြွေးနှင့် ချေးငွေများ

ကရိုနာဗိုင်းရပ်စ် အက်စ်အမ်အီး အာမခံ အစီအစဥ် (Coronavirus SME Guarantee Scheme) အသစ် ဆိုသည်မှာ လာမည့် လများအတွင်း သင့်အား ထောက်ပံ့ရန်အတွက် အစီအစဥ်တွင် ပါဝင်သည့် ငွေချေးသူများထံမှ အပိုချေးငွေကို သင် ချေးယူနိုင်ပါလိမ့်မည်။

အစိုးရသည် SME ငွေချေးသူများကို အပေါင်မဲ့ ချေးငွေ အသစ်တို့အတွက် ရင်းနှီးငွေ အဖြစ်အသုံးပြုရန် အာမခံ အဖြစ် ၅၀ ရာခိုင်နှုန်းကို ပေးပါမည်။

အစိုးရသည် ရှိရင်းစွဲ အသေးစား စီးပွားလုပ်ငန်း ဖောက်သည်များသို့ ကရက်ဒစ် အကြွေး ချေးပေးနေသည့် ငွေချေးသူများအတွက် တာဝန်ရှိသော ချေးငှါးသည့် တာဝန်ခံမှုများကို ကင်းလွတ်ခွင့်လည်း လုပ်ပေးနေပါသည်။

ဤကင်းလွတ်ခွင့်မှာ ခြောက်လ အတွက်ဖြစ်ပြီး စီးပွားလုပ်ငန်း ကိစ္စများအတွက် ကရက်ဒစ်အကြွေး မည်သည့် အကြွေးကိုမဆို သက်ဆိုင်သည်၊ ကရက်ဒစ်အကြွေးအသစ်၊ ကရက်ဒစ်အကြွေး ကန့်သတ်ပမာဏ တိုးမြှင့်မှုများ နှင့် ကရက်ဒစ်ကြွေး ပြောင်းလဲပြင်ဆင်မှုများ နှင့် ကရက်ဒစ်အကြွေး ပြန်လည်ထူထောင်ရေးများပါဝင်သည်။

ဒေသနယ်မြေများနှင့် အပိုင်းကဏ္ဍများကို ပံ့ပိုးပေးခြင်း

အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အကြီးအကျယ်ဆုံး ထိခိုက်ခံရသည့် လူမှုအသိုင်းအဝိုင်းများ၊ ဒေသနယ်မြေများနှင့် လုပ်ငန်းကဏ္ဍများအား ပံ့ပိုးပေးရန် ဒေါ်လာငွေ $1 ဘီလီယံ ငွေလျှာထား၍ ခြန်ထားပေးပါသည်။ ဤရန်ပုံငွေကို ကူးစက်မှု ဖြစ်ပွားစဥ်အတွင်း ကူညီရန် နှင့် ပြန်လည်နာလန်ထကောင်းမွန်ရေးအတွက် ကူညီရန် ရရှိနိုင်ပါသည်။ ထို့ပြင် အစိုးရသည် ကျွန်ုပ်တို့၏ လေကြောင်း လုပ်ငန်းကဏ္ဍကို ဒေါ်လာ သန်းပေါင်း $715 သန်း အထိ ငွေမှတစ်ဆင့် အကူအညီပေးနေလျက်ရှိသည်။

JobMaker Plan ယာယီ အစီအမံများ စီးပွားလုပ်ငန်းများကို ပံ့ပိုးရန်

2020–21 ခုနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း၏ အစိတ်အပိုင်းအဖြစ် အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကပ်ဘေးကြီး၏ သက်ရောက်မှုမှ စီးပွားလုပ်ငန်းများ နာလန်ထူလာစေရန် အစီအမံများကို အကောင်အထည် ဖော်ပေးနေလျက်ရှိသည်။

ဤအစီအမံများသည် အခွန်သက်သာခွင့်များ၊ ကုန်ကျငွေခုနှိမ်ခွင့်များ၊ နှင့် ရင်းနှီးပစ္စည်းများ၏ တန်ဖိုးလျော့ကျမှုတို့ကို အခွန်ရှင်းတမ်းတင်သွင်းချိန်၌ တောင်းဆိုခြင်းနှင့်ပတ်သက်သည်။ ၎င်းတို့သည် ဘဏ္ဍာရေးနှစ်များဖြစ်သည့် 2020–21 ခုနှစ်နှင့် 2021–22 ခုနှစ်များအတွက် COVID-19 ၏ စီးပွားဆိုင်ရာ သက်ရောက်မှုမှတစ်ဆင့် စီးပွားလုပ်ငန်းများကို ပံ့ပိုးပေးပါလိမ့်မည်။

အဆိုပါ အစီအမံများမှာ-

  • JobMaker Hiring Credit
  • ယာယီ အပြည့်အဝ ကုန်ကျခြင်း
  • အရှုံးငွေကို ပြန်လည်ခုနှိမ်ပေးခြင်း
  • စီးပွားလုပ်ငန်း ရင်းနှီးမှုကို ပံ့ပိုးပေးခြင်း- ရင်းနှီးပစ္စည်း တန်ဖိုးလျော့ကျမှုငွေကို လက်ဉီးနှစ်များ၌ တန်ဖိုးများများခုနှိမ်ခွင့်
  • ရင်းနှီးပစ္စည်း တန်ဖိုးငွေကို ချက်ချင်းခုနှိမ်ခွင့်
  • အသေးစား စီးပွားလုပ်ငန်း ရငွေ ကန့်သတ်ချက်ပမာဏကို တိုးမြှင့်ပေးခြင်း