ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့်ပတ်သက်၍ မှားယွင်းသတင်းများနှင့် အမှန်သတင်းများ

COVID-19 ကာကွယ်ဆေး မှားယွင်းသတင်းများ

မှားယွင်းသတင်း- COVID-19 ကာကွယ်ဆေးများသည် အန္တရာယ်ကြီးမားပြီး နိုင်ငံရပ်ခြားရှိ ကာကွယ်ဆေးထိုးခံရသူများတွင် ပြင်းထန်သော မကောင်းသည့် သက်ရောက်မှုများ ရှိခဲ့သည်။

အဖြစ်မှန်- ကုထုံးဆိုင်ရာ ပစ္စည်းများ စီမံရေးဌာန (The Therapeutic Goods Administration) သည် သြစတြေးလျနိုင်ငံတွင် အသုံးပြုရန် ကာကွယ်ဆေးအားလုံးကို စိစစ်ပေးသည်။ ကာကွယ်ဆေး အားလုံးကို ၎င်းတို့အား သြစတြေးလျနိုင်ငံတွင် အသုံးပြုရန် အတည်မပြုမီ ဘေးကင်းလုံခြုံရန်အတွက် စေ့စေ့စပ်စပ် စစ်ဆေးပါသည်။ ၎င်းတွင် ဆေးဘက်ဆိုင်ရာ အစမ်း စမ်းသပ်ကာလ အချက်အလက် အသေအချာ စမ်းစစ်မှု၊ ပါဝင်ပစ္စည်းများ၊ ဓါတုဗေဒ၊ ထုတ်လုပ်ရေးနှင့် အခြား အခြေခံအကြောင်းရင်းများ ပါဝင်သည်။ COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို TGA ၏ ဝက်ဘ်ဆိုက် https://www.tga.gov.au/covid-19-vaccines တွင်တွေ့ရှိနိုင်သည်။

COVID-19 ကာကွယ်ဆေး အသုတ်လိုက်တိုင်းကို စစ်ဆေးခြင်းကို ထပ်ဆင့်၍ ကုထုံးဆိုင်ရာ ပစ္စည်းများ စီမံရေးဌာနသည် ကာကွယ်ဆေးများကို သြစတြေးလျနိုင်ငံ၌ ဖြန့်ချီပြီးနောက် ဘေးကင်းလုံခြုံရေးအတွက် စောင့်ကြပ်ကြည့်ရှုပါသည်။ သြစတြေးလျနိုင်ငံ အစိုးရသည် ယူကေ၊ ဂျာမဏီနှင့် နော်ဝေး အပါအဝင် နိုင်ငံရပ်ခြား ကာကွယ်ဆေးထိုး အစီအစဉ်များကိုလည်း နီးနီးကပ်ကပ် စောင့်ကြပ်ကြည့်ရှုနေကြသည်။ အတူတကွအားဖြင့် ဤသတင်းအချက်အလက်များက သေချာစေမည်မှာ သြစတြေးလျန်းပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံပြီး ထိရောက်သော COVID-19 ကာကွယ်ဆေးများ ရရှိပါမည်။

အကယ်၍ သင် ကာကွယ်ဆေးမှ ဘေးထွက်ဆိုးကျိုး ကြုံတွေ့လျှင် ကျန်းမာရေး အတတ်ပညာရှင်ထံမှ အကူအညီ တောင်းခံပြီး TGA (1300 134 237) သို့ သတင်းပို့ပေးပါ

မှားယွင်းသတင်း- ပိုမို များပြားသော လူများသည် COVID-19 ရောဂါထက် ကာကွယ်ဆေး၏ မကောင်းသော ဘေးထွက်ဆိုးကျိုးများမှ သေကျေမည်ဖြစ်သည်

အဖြစ်မှန်- မည်သည့် ကာကွယ်ဆေးမဆို အချို့ အပျော့စား ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနိုင်သည်။ ကာကွယ်ဆေးများမှ အဓိက ဘေးထွက်ဆိုးကျိုးများမှာ ဆေးအပ်ထိုးရာနေရာ၌ အချို့ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အပျော့စား ကိုယ်ပူအဖျားတက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်သည်။ ဤဘေးထွက်ဆိုးကျိုး အများစုကို အပျော့စား အကိုက်အခဲပျောက်ဆေး အချို့တို့ဖြင့် ထိန်းချုပ်ထားနိုင်ပြီး စိတ်ပူရန် အကြောင်းရင်း မရှိပါ။

ကုထုံးဆိုင်ရာ ပစ္စည်းများ စီမံရေးဌာန (The Therapeutic Goods Administration) – သြစတြေးလျနိုင်ငံ၏ ဆေးဝါး စည်းမျဉ်း ကြီးကြပ်သူ – သည် ဘေးမကင်းဘဲ ထိရောက်မှု မရှိသည့် ကာကွယ်ဆေးကို အတည်ပြုမည် မဟုတ်ပါ။ သူတို့အနေဖြင့် နီးနီးကပ်ကပ် စောင့်ကြည့်နေသည့် အချက်များအနက် တစ်ချက်မှာ လွန်ကဲသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး အတည်ပြုပေးသည့် လုပ်ငန်းဖြစ်စဉ်များအနက် တစ်ခု ရှိပြီး ပြင်းထန်ပြီး ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားမည့် မည်သည့် ဆေးဝါးကိုမဆို ဤနိုင်ငံ၌ အတည်ပြုပေးမည် မဟုတ်ပါ။ TGA အလုပ်မှာ အတည်ပြုပေးလိုက်ပြီးသည်နှင့် ရပ်ဆိုင်းသွားသည် မဟုတ်ပါ။ သူတို့သည် နိုင်ငံရပ်ခြားမှ ဝင်လာသည့် အချက်အလက်များနှင့် ဤနေရာ၌ စတင်သုံးစွဲမှုကိုလည်း မျက်စိထောင့်ထောက်ကြည့်ရှုပါသည်။ မည်သည့်အရာကိုမျှ ကံတရားအပေါ် ပုံမချပါ။

အကယ်၍ သင် ကာကွယ်ဆေးမှ ဘေးထွက်ဆိုးကျိုး ကြုံတွေ့လျှင် ကျန်းမာရေး အတတ်ပညာရှင်ထံမှ အကူအညီ တောင်းခံပြီး TGA (1300 134 237) သို့ သတင်းပို့ပေးပါ

မှားယွင်းသတင်း- အစိုးရသည် ကာကွယ်ဆေး စတင်ထိုးပေးခြင်းကို သင့် DNA အား စုဆောင်းရန်/ပြောင်းလဲရန် အကာအကွယ်အဖြစ် အသုံးပြုနေပါသည်။

အဖြစ်မှန်- ကာကွယ်ဆေးကို သင့်ကိုယ်ခန္ဓာအတွင်း ထိုးပေးသည်၊ ၎င်းတို့သည် သင့် ကိုယ်ခန္ဓာအတွင်းမှ မည်သည့်အရာကိုမျှ မထုတ်လိုက်ပါ၊ ၎င်းတို့ သင့် DNA ကို မပြောင်းလဲပါ။ COVID-19 ကာကွယ်ဆေး အသစ် အချို့သည် သင့် ကိုယ်ခန္ဓာအား COVID-19 ကို တွန်းလှန်ရန် ကိုယ်ခံစွမ်းအား တုံ့ပြန်မှုကို ထုတ်ပေးရန်အတွက် ညွှန်ကြားပေးရန် Messenger RNA (mRNA) အပိုင်းအစကို အသုံးပြုသည်။ The mRNA သည် သင့် DNA ကို ဘာတစ်ခုမျှ မလုပ်ပါ။

မှားယွင်းသတင်း- ဗိုင်းရပ်စ်ပိုးသည် ကာကွယ်ဆေး မည်သို့မျှ ဆေးမတိုးစေရန် အလွန် လျင်မြန်စွာ အဆင့်ဆင့် ပြောင်းလဲနေသည်။

အဖြစ်မှန်- ဗိုင်းရပ်စ်ပိုး အားလုံးသည် အဆင့်ဆင့် ပြောင်းလဲသည်။ ၎င်းသည် သူတို့၏ အဆင့်ဆင့်ပြောင်းလဲဖြစ်စဉ်၏ ပုံမှန် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်၊ COVID-19 က မခြားနားပါ။ အထောက်အထားကို အခြေခံသော် COVID-19 ကာကွယ်ဆေးများသည် ဗိုင်းရပ်စ် မျိုးကွဲ အသစ်များအပေါ် ထိရောက်မှု ရှိနေသေးမည် ဖြစ်ပါသည်။

လူများအနေဖြင့် အားဖြည့်တင်းထိုးဆေး ထိုးရန် လိုသည်ဟု သို့မဟုတ် နောက်ထပ် ကာကွယ်ဆေးထိုးရန် လိုအပ်နိုင်သည်ဟု ဆိုလိုနိုင်သည် - တုပ်ကွေးကာကွယ်ဆေး ကဲ့သို့ဖြစ်သည်။

သြစတြေးလျနိုင်ငံ၌ အသုံးပြုရန်အတွက် လက်ရှိ အတည်ပြုသည့် ကာကွယ်ဆေးများသည် COVID-19 မှ ပြင်းထန်သည့် နာမကျန်းမှုကို တားဆီးရာ၌ လွန်စွာ ထိရောက်ကြောင်း ပြသခဲ့ပါသည်။

မှားယွင်းသတင်း- COVID-19 ရှိခဲ့သည့်လူများနှင့် ပြန်လည်ကောင်းမွန်လာသောလူများ ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။

အဖြစ်မှန်- ရှိနေခြင်းမှ တစ်စုံတစ်ယောက်အနေဖြင့်ရသည့် အကာအကွယ်မှာ လူတစ်ဉီးမှ တစ်ဉီး ကွဲပြားခြားနားပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဗိုင်းရပ်စ်သည် အသစ်ဖြစ်သည်၊ သဘာဝ ခံနိုင်ရည်စွမ်း တစ်ခုခုမှာ မည်မျှ ကြာရှည်ခံနိုင်ကြောင်း ကျွန်ုပ်တို့ မသိပါ။ အကယ်၍ သင့်တွင် COVID-19 ရှိခဲ့ပြီးသည့်တိုင် သင့်အနေဖြင့် သင် ထိုးနိုင်သည့်အခါ COVID-19 ကာကွယ်ဆေးကို ထိုးသင့်သေးသည်။

မှားယွင်းသတင်း- COVID-19 ကာကွယ်ဆေးတွင် စောင့်ကြပ်ကြည့်ရှုရန်အတွက် အသုံးပြုသည် စော့ဖ်ဝဲ/မိုက်ကရိုချစ်ဖ် ပါဝင်သည်။

အဖြစ်မှန်- မည််သည့် COVID-19 ကာကွယ်ဆေးတွင်မျှ စော့ဖ်ဝဲ သို့မဟုတ် မိုက်ကရိုချစ်ဖ် မပါဝင်ပါ။

အခြားသော COVID-19 မှားယွင်းသတင်းများ

မှားယွင်းသတင်း- ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်၏ ‘အကြီးအကျယ် ရောဂါဖြန့်သူများ’ ဖြစ်ကြသည်။

အဖြစ်မှန်-  ငယ်ရွယ်သော ကလေးများသည် တုပ်ကွေးရောဂါကဲ့သို့ ရောဂါပိုးများနှင့် ပိုးမွှားများကို သာမန်အားဖြင့် “အကြီးအကျယ် ရောဂါဖြန့်သူများ” ဖြစ်သည်ဟု သိရှိကြသော်လည်း COVID-19 အတွက် လက်ရှိ အထောက်အထားက အကြံပြုသည်မှာ ကျောင်းများ၌ ကလေး-မှတဆင့်-ကလေးသို့ ကူးစက်မှု အဖြစ်မများပါ။ ထို့ပြင် ဤဗိုင်းရပ်စ် အဓိက ပျံ့နှံ့မှုမှာ ငယ်ရွယ်သော ကလေးများမှတစ်ဆင့် ပျံ့နှံ့သည်ဟု ကမ္ဘာရှိ မည်သည့်နေရာကမျှ ပြသသည့် အချက်အလက် မရှိပါ။ သို့သော် ဖြစ်နိုင်သည်မှာ လက်ရှိ အထောက်အထားက အကြံပြုသည်မှာ ကလေးများသည် COVID-19 ဖြစ်ပွားစေသော ဗိုင်းရပ်စ်၏ အကြီးအကျယ် ရောဂါဖြန့်သူများ မဟုတ်ပါ။

မှားယွင်းသတင်း- သြစတြေးလျနိုင်ငံတွင် ဆေးဝါးကိရိယာနှင့် ဖြန့်ချီပစ္စည်းများ (အသက်ရှူစက်များ၊ နှာခေါင်းစည်းများ၊ စစ်ဆေးရေး ပစ္စည်းများ) လုံလုံလောက်လောက် မရရှိထားနိုင်ပါ။

အဖြစ်မှန်-  သြစတြေးလျနိုင်ငံသည် ရောဂါပျံ့နှံ့မှုကို လျှော့ကျအောင်လုပ်ရာ၌ အောင်မြင်ခဲ့သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဆေးရုံများတွင် ဖိစီးမှုများ တိုးမြှင့်လာခြင်းကို ရှောင်ရှားခဲ့သည်။

သြစတြေးလျနိုင်ငံ၌ ကျွန်ုပ်တို့တွင် ကိုယ်ရေး အကာအကွယ်ပေး ကိရိယာပစ္စည်းများ အများအပြား ရရှိနိုင်သည်၊ သြစတြေးလျနိုင်ငံ၌ ပိုမို၍ ထုတ်လုပ်နေလျက်ရှိပြီး သြစတြေးလျနိုင်ငံသို့ ပို့ဆောင်ထားပေးနေလျက်ရှိသည်။ ဥပမာ၊ နိုင်ငံလုံးဆိုင်ရာ ဆေးဘက်ပစ္စည်း သိုလှောင်ရုံ (National Medical Stockpile) မှာ ပစ္စည်းများဖြင့် လုံလုံလောက်လောက် သိုလှောင်ထားလျက်ရှိပြီး ၂၀၂၁ ခုနှစ် တစ်လျှောက် အချိန်ခွဲခြား၍ အကြိမ်ကြိမ် ဖြန့်ချီပေးရန်အတွက် နှာခေါင်းစည်း အခုရေ ဘီလီယံ ထက်ဝက်ကျော် မှာယူထားပြီးဖြစ်ပါသည်။

COVID-19 စစ်ဆေးရေး လိုအပ်ချက်များနှင့်ပတ်သက်သည့် လမ်းညွှန်ကို COVID-19 ရောဂါကပ်ဘေးကြီးအပေါ် ကျွန်ုပ်တို့၏ အများပြည်သူကျန်းမာရေးက တုံ့ပြန်ရန်အတွက် ပံ့ပိုးရန် မရှိမဖြစ်လိုအပ်သည့် စစ်ဆေးမှုကို ဆောင်ရွက်ကြောင်း သေချာစေရန်အတွက် ပြန်လည်စိစစ်ရန် ကူးစက်တတ်သောရောဂါ ကွန်ခြာ သြစတြေးလျ (Communicable Diseases Network Australia) နှင့် အများပြည်သူကျန်းမာရေး ဓါတ်ခွဲခန်း ကွန်ခြာ (Public Health Laboratory Network) အပါအဝင်ဖြစ်သော သြစတြေးလျအစိုးရထံ အကြံပေး ကော်မတီများသည် မကြာခဏ တွေ့ဆုံကြပါသည်။

မှားယွင်းသတင်း- ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိုမိုများပြားနေသည့် ကုသမှုတောင်းခံချက်များကို သြစတြေးလျနိုင်ငံ ဆေးရုံများသည် ရင်ဆိုင်နိုင်မည် မဟုတ်ပါ

အဖြစ်မှန်-  သြစတြေးလျနိုင်ငံသည် ရောဂါပျံ့နှံ့မှုကို လျော့ကျအောင်လုပ်ရာ၌ အောင်မြင်ခဲ့သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဆေးရုံများတွင် ဖိစီးမှုများ တိုးမြှင့်လာခြင်းကို ရှောင်ရှားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ကမ္ဘာ့အဆင့်အတန်းမီ- ကျန်းမာရေး စနစ်တစ်ရပ်ရှိသည်၊ ၎င်းကို COVID-19 ရောဂါကပ်ဘေးကြီး ကာလအတွင်း အပို ကုသစောင့်ရှောက်မှုများ လိုအပ်လျှင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကောင်းမွန်စွာ စီမံပေးထားပါသည်။ ၎င်းတွင် ဆေးရုံ အပို ကုတင်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာပစ္စည်း၊ ဖြန့်ချီပစ္စည်းများအတွက် စွမ်းဆောင်ရည်၊ နှင့် သြစတြေးလျနိုင်ငံ အစိုးရ၊ ပြည်နယ်နှင့် အုပ်ချုပ်ခံနယ်မြေ အစိုးရများနှင့် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍ တို့အကြား ဖက်စပ်မှုမှတစ်ဆင့် ခန့်အပ်ထားသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်သည်။

မှားယွင်းသတင်း- နှစ်ပတ် ပိတ်ပင်မှုသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးပေးမည်

အဖြစ်မှန်-  နှစ်ပတ် သို့မဟုတ် သုံးပတ် ကန့်သတ်ချက်များ ချမှတ်ခြင်း နှင့် ယင်းနောက် ကန့်သတ်ချက်များကို ဖယ်ရှားပေးပြီး ကျွန်ုပ်တို့၏ ပုံမှန် နေထိုင်ရေးအတိုင်း ပြန်လည်နေထိုင်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးပေးမည် မဟုတ်ပါ။

COVID-19 ရောဂါရှိသူ လူအများစုတွင် ရောဂါလက္ခဏာများ အပျော့စားသာ ရှိသည် သို့မဟုတ် လုံးဝ မရှိပါ။ နှစ်ပတ်-သာ ပိတ်ပင်မှု၏ အန္တရာယ်မှာ ပိတ်ပင်မှုများလုပ်ပြီးနောက် အရာတိုင်းကို ဖွင့်ပေးလိုက်သည့်အခါ COVID-19 ရောဂါလက္ခဏာ မပြသသည့်သူများသည် ဗိုင်းရပ်စ်ပိုးကို အခြားသူများသို့ မသိရှိဘဲ ထိတွေ့မှု ရှိကောင်းရှိနိုင်သည်။

COVID-19 ကူးစက်ပျံ့နှံ့မှုကို ကူညီနှေးကွေးပေးစေရန် အကောင်းဆုံး နည်းလမ်းမှာ ကောင်းမွန်သော လက်နှင့်အသက်ရှူလမ်းကြောင်း သန့်စင်ရေး လုပ်ရန်၊ လူချင်း ခပ်ခွာခွာနေခြင်း ထိန်းသိမ်းထားရန်၊ နေထိုင်မကောင်းလျှင် အိမ်၌နေပြီး စစ်ဆေးမှုခံယူရန်၊ နှင့် သင် လူမှုအသိုင်းအဝိုင်း ကူးစက်ပျံ့နှံ့သည့်နေရာသို့ ရောက်ရှိနေပြီး လူချင်း ခပ်ခွာခွာနေခြင်းကို လုပ်ရန် မဖြစ်နိုင်လျှင် နှာခေါင်းစည်း ဝတ်ဆင်ရန်ဖြစ်ပါသည်။

သြစတြေးလျနိုင်ငံ၌ ကျွန်ုပ်တို့၏ ကျန်းမာရေး ကျွမ်းကျင်သူများသည် နေ့စဉ် ကူးစက်ခံရသူ အသစ် အရေအတွက်နှင့် မည်သည့်နေရာ၌ ကူးစက်မှု ဖြစ်ပွားကြောင်းတို့ကို ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်သည်။  ယင်းနောက် သူတို့သည် သက်သေအထောက်အထားအပေါ် အခြေခံပြီး လိုအပ်သည့် စည်းမျဉ်းအသစ်တစ်ခုခု သို့မဟုတ် ကန့်သတ်ချက် အသစ်တစ်ခုခု ချမှတ်ရန် အကြံပြုချက်များ ချမှတ်ပေးမည်ဖြစ်သည်။ လက်ရှိ ကန့်သတ်ချက်များနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းကို လူတိုင်းအနေဖြင့် www.australia.gov.au  တွင်ကြည့်ရှုခြင်းအားဖြင့် သိရှိထားသင့်သည်။

မှားယွင်းသတင်း- လူတိုင်းအား စစ်ဆေးခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးပါမည်

အဖြစ်မှန်-  စစ်ဆေးခြင်းသည် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို မတားဆီးပါ။

COVID-19 ကို တားဆီးရာနှင့် ထိန်းချုပ်ရာ၌ အခြေခံကျသည့် မဏ္ဍိုင်များအနက် တစ်ခုမှာ အချိန်မှီ၊ တိုင်းတာနိုင်ပြီး တိကျသည့် ရောဂါဖော်ထုတ်နိုင်သည့် စစ်ဆေးမှုဖြစ်ပါသည်။ ရောဂါဖော်ထုတ်နိုင်သည့် စစ်ဆေးခြင်းသည် ရောဂါ၏ ကူးစက်ပျံ့နှံ့မှုနှင့်ကာကွယ်ခြင်းကို ဖော်ထုတ်ရာ၌ အခရာကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှု စီမံရေးကို သိရှိစေပြီး နောက်ဆုံး၌ ဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချပေးသည်။

သို့သော်လည်း COVID-19 ရောဂါမရှိကြောင်း စစ်ဆေးမှု အဖြေသည် သင့်အနေဖြင့် သင်ကိုယ်တိုင် အန္တရာယ် မရှိကြောင်း သို့မဟုတ် အခြားသူများအပေါ် အန္တရာယ် မရှိကြောင်း မဆိုလိုပါ။ သင်သည် SARS-CoV-2 (COVID-19 ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်) နှင့်ထိတွေ့မှု ရှိခဲ့ပြီးနောက် ရောဂါလက္ခဏာများ မပေါ်ပေါက်မီ COVID-19 စစ်ဆေးမှု ရောဂါမရှိကြောင်း အဖြေ ရနိုင်ပါသည်။ ထို့ကြောင့် ကောင်းမွန်သော တစ်ကိုယ်ရေသန့်စင်ရေးလုပ်ရန်နှင့် လူချင်း ခပ်ခွာခွာနေခြင်းလုပ်ရန်၊ နေထိုင်မကောင်း ဖြစ်နေချိန်၌ အိမ်၌နေရန် အလွန်အရေးကြီးပါသည်။ သတ်မှတ်ထားသည့် စစ်ဆေးခြင်းနှင့်အတူတကွ ဤလုပ်ရပ်များသည် COVID-19 နှင့် အခြားသော ကူးစက်တတ်သော ရောဂါများ ကူးစက်မှု တားဆီးပေးခြင်းကို အထောက်အကူပြုလျက်ရှိပါသည်၊ သြစတြေးလျနိုင်ငံ ကျန်းမာရေးစနစ်အပေါ် ဖိစီးမှုအား လျှော့ချပေးပါသည်။

ဒေသတစ်ခုတွင် ရောဂါဖြစ်ပွားသူ အရေအတွက် များပြားလာခြင်းနှင့် ရောဂါပျံ့ပွားမှုများအပေါ် အောင်မြင်သော အများပြည်သူကျန်းမာရေး စီမံမှုက လိုအပ်သည်မှာ ရောဂါပျံ့ပွားရေး ထိန်းချုပ်မှု ထိန်းသိမ်းထားခြင်းနှင့် ဓါတ်ခွဲခန်းနှင့် စစ်ဆေးပေးရာ နေရာ စွမ်းဆောင်ရည် တည်မြဲရေးကို ကာကွယ်ပေးခြင်းတို့အကြား မှန်ကန်သော ဟန်ချက်ညီမျှမှုကို ရရှိစေရန် စစ်ဆေးခြင်းကို အသေအချာ လျှာထားရမည်ဖြစ်သည်။

ရောဂါလက္ခဏာများ မပြသသော (လက္ခဏာမဲ့) သြစတြေးလျပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းကို အလေးအနက် မတိုက်တွန်းပါ။ ဤစစ်ဆေးခြင်းဆိုင်ရာ နည်းဗျူဟာမှာ ရောဂါ ကူးစက်မှုကို ဖော်ထုတ်ရန်အတွက် ရောဂါရှာဖွေရေးနှင့်ကာကွယ်ရေးဆိုင်ရာအရ သင့်တော်သည် မဟုတ်သည့်အပြင် ငွေကြေးအရ ထိရောက်သော နည်းလမ်းလည်း မဟုတ်ပါ။ သြစတြေးလျနိုင်ငံ အစိုးရအနေဖြင့် အသိအမှတ်ပြုသည်မှာ ရောဂါထိန်းချုပ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး ရည်ရွယ်ချက်များအတွက် သီးခြား ကိစ္စများတွင် ရောဂါလက္ခဏာ မပြသသော စစ်ဆေးမှုများအတွက် အခန်းကဏ္ဍတစ်ရပ် ရှိကောင်းရှိနိုင်ပါသည်။ ဤကိစ္စများတွင် ရောဂါဖြစ်ပွားမှု အနေအထားများ၊ ကူးစက်မှု အန္တရာယ် အလားအလာပိုမိုမြင့်မားနေရာများမှ နိမ့်ကျသည့် ဖြစ်ပွားမှုနေရာများ၏ လူဦးရေများ၊ ထိတွေ့မှု သိသိသာသာ ပိုမိုမြှင့်မားသည့် အန္တရာယ်ကျရောက်သည့် လူဦးရေများ၊ နှင့် ကူးစက်ခံရပါက ဆိုးရွားသော ရောဂါအပေါ်လည်း ထိခိုက်လွယ်သည့် ကူးစက်မှု ပိုမိုမြင့်မားသည့် အန္တရာယ် အနေအထား၌ ရှိသောသူများတို့ပါဝင်သည်။

သြစတြေးလျနိုင်ငံ အစိုးရအနေဖြင့် ဆက်လက်၍ အကြံပြုသည်မှာ ရောဂါလက္ခဏာများ မပြသသည့်လူများအတွက် အလုပ်ခွင်၌ စစ်ဆေးခြင်း အစီအစဉ်များအပါအဝင် စစ်ဆေးခြင်းဆိုင်ရာ နည်းဗျူဟာများကို သက်ဆိုင်ရာ အများပြည်သူ ကျန်းမာရေး အာဏာပိုင်များနှင့် ဓါတ်ခွဲခန်း ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ရန်ဖြစ်ပါသည်။ ၎င်းမှာ အသင့်တော်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများ အသုံးပြုသည်ကို သေချာစေရန် ဖြစ်ပါသည်။ ရောဂါလက္ခဏာ မပြသသည့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းနှင့်ပတ်သက်၍ သြစတြေးလျနိုင်ငံ အစိုးရ၏ အနေအထား အကြောင်း ပိုမိုသော သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ ဝက်ဘ်ဆိုက် Department of Health website တွင်ကြည့်ရှုပါ။

မှားယွင်းသတင်း- စစ်ဆေးရေး ပစ္စည်းများသည် မတိကျပါ

အဖြစ်မှန်-  သြစတြေးလျနိုင်ငံတွင် COVID-19 စစ်ဆေးမှုများမှာ အလွန် တိကျပါသည်။ သြစတြေးလျနိုင်ငံ၌ အသုံးပြုသည့် စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းအားလုံးကို ပြည့်ပြည့်စုံစုံ အထောက်အထားပြုထားပါသည်။ ၎င်းတို့ကို ကုသရေးဆိုင်ရာ ပစ္စည်းများ စီမံရေးအဖွဲ့ (Therapeutic Goods Administration (TGA)) နှင့် SARS-CoV-2 (COVID-19 ကိုဖြစ်ပွားစေသော ဗိုင်းရပ်စ်) အတွက် အထူးသဖြင့် ထူထောင်ထားသော အရည်အသွေး အာမခံအစီအစဉ်၌ မဖြစ်မနေ ပါဝင်ဆောင်ရွက်ခြင်းမှတစ်ဆင့် နီးနီးကပ်ကပ် စောင့်ကြပ်ကြည့်ရှုပါသည်။

သြစတြေးလျနိုင်ငံ၌ ဓါတ်ခွဲခန်း-အခြေခံသည့် ပီစီအာ စစ်ဆေးနည်း (PCR) သည် သင့်ကိုယ်ခန္ဓာတွင်းရှိ အသည်းအသန်ဖြစ်သော SARS-CoV-2 ကူးစက်မှုကို ရောဂါဖော်ထုတ်ရန် အသုံးပြုပါသည်၊ စစ်ဆေးရန်အတွက် အသက်ရှူလမ်းကြောင်းမှ အရည်နမူနာ လိုအပ်သည်။ PCR စစ်ဆေးမှုများမှာ အလွန် တုံ့ပြန်ဓာတ်ပြုလွယ်ပြီး အသက်ရှူလမ်းကြောင်း အရည်စက်နမူနာရှိ SARS-CoV-2 နှင့်သက်ဆိုင်သော အသေးငယ်ဆုံး ဗီဇအစအနများကို ရှာတွေ့ပါသည်။

သြစတြေးလျနိုင်ငံတွင် အသစ်ဖြစ်သော စစ်ဆေးခြင်းဆိုင်ရာ နည်းပညာတစ်ခုခုကို အဖြေများ၏ အရည်အသွေးနှင့် ယုံကြည်အားထားရမှုအပြင် ၎င်း၏တရားဝင် ဖြန့်ချီနိုင်မှုတို့ကို သေချာစေရန် TGA မှ အလွန် ဂရုစိုက်၍ စိစစ်မှုလုပ်ရန် လိုအပ်ပါသည်။ COVID-19 စစ်ဆေးမှုများမှာ သြစတြေးလျနိုင်ငံ ကုထုံးဆိုင်ရာ ပစ္စည်းများ မှတ်ပုံတင် (Australian Register of Therapeutic Goods) ပါဝင်သည်နှင့်ပတ်သက်၍ နောက်ဆုံးပေါ် သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ TGA ဝက်ဘ်ဆိုက် www.tga.gov.au/covid-19-test-kits-included-artg-legal-supply-australia တွင်ကြည့်ရှုပါ။

မှားယွင်းသတင်း- ကိုရိုနာဗိုင်းရပ်စ်မှာ အယောင်အဆောင်လှည့်ကွက် တစ်ရပ်ဖြစ်သည်

အဖြစ်မှန်- COVID-19 သည် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့်ဖြစ်ပွားသည်၊ ၎င်းသည် လူသားနှင့် တိရစ္ဆာန် နှစ်မျိုးလုံးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများ ဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်ပိုး အနွယ်ကြီးကြီးမားမား၏ အစိတ်အပိုင်းဖြစ်သည်။ ဤကူးစက်မှုများသည် အအေးမိခြင်းမှ ပိုမိုဆိုးရွားသည့် ရောဂါများအထိ အမျိုးမျိုးရှိနိုင်ပါသည်။ COVID-19 သည် လူများအကြား အရည်အစက်လေးများအားဖြင့်နှင့် ပိုးဖြင့်ညစ်ညမ်းနေသည့် မျက်နှာပြင်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။

သြစတြေးလျနိုင်ငံ၌ ကူးစက်မှုနှင့် ခုခံစွမ်းအားအတွက် ပီတာ ဒိုဟာသီး အဖွဲ့အစည်း (Peter Doherty Institute for Infection and Immunity) တွင်ရှိသည့် ဗစ်တိုးရီးယားပြည်နယ် ကူးစက်တတ်သော ရောဂါများ မှတ်တမ်း ဓါတ်ခွဲခန်း (Victorian Infectious Diseases Reference Laboratory (VIDRL)) သည် SARS-CoV-2 ကို သီးခြားခွဲထုတ်လိုက်သည့် တရုတ်နိုင်ငံပြင်ပရှိ ပထမဉီးဆုံး ဓါတ်ခွဲခန်းဖြစ်ပါသည်။ VIDRL သည် သီးခြားခွဲထုတ်ပေးလိုက်သည့် ဗိုင်းရပ်စ်ကို သြစတြေးလျနိုင်ငံ ဓါတ်ခွဲခန်းများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (World Health Organization) နှင့် အခြား နိုင်ငံများသို့ COVID-19 အတွက် ရောဂါဖော်ထုတ်မှုဆိုင်ရာ စစ်ဆေးမှုများ၏ ထူထောင်ခြင်း၊ တရားဝင်ပြုခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်စေရန်အတွက် ဝေမျှပေးခဲ့ပါသည်။

သြစတြေးလျနိုင်ငံသည် SARS-CoV-2 ကိုဖော်ထုတ်ပေးရန်နှင့်အတည်ပြုပေးရန် စွမ်းဆောင်ရည်နှင့် ထိုက်သင့်သော တတ်ကျွမ်းသည့်အောင်လက်မှတ်ရှိသည့် အစိုးရနှင့် ပုဂ္ဂလိက ရောဂါဖော်ထုတ်ရေး ဓါတ်ခွဲခန်းများ၏ ကျွမ်းကျင်သူ ဆက်သွယ်ရေးကွန်ခြာမှ ပံ့ပိုးပေးခံရပါသည်။ ဤဓါတ်ခွဲခန်းများ၏ စစ်ဆေးမှု တိုးချဲ့လုပ်ဆောင်ပေးရန် စွမ်းဆောင်ရည်မှာ ရောဂါဖြစ်ပွားမှု နှုန်း နိမ့်ကျနေစေရန်နှင့် အခြားနိုင်ငံများ၌ မြင်တွေ့ရသည့် စိတ်ပျက်ဖွယ် ကူးစက်မှုနှုန်းများကို ရှောင်ရှားရာ၌ သြစတြေးလျနိုင်ငံ၏ အောင်မြင်မှုအတွက် အခရာကျပါသည်။ သြစတြေးလျနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါရှိသည့်လူ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးသူ အရေအတွက်တို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းထားပါသည်။ အချက်အလက်များကို နေ့စဉ် Australian Department of Health က ထုတ်ပြန်ပါသည်။

မှားယွင်းသတင်း- နှာခေါင်းစည်းများမှာ ထိရောက်မှု မရှိ နှင့်/သို့မဟုတ် ဘေးမကင်းပါ။

အဖြစ်မှန်-  နှာခေါင်းစည်းများကို ကောင်းမွန်သော တစ်ကိုယ်ရေသန့်စင်ရေး၊ လူချင်း ခပ်ခွာခွာနေခြင်း၊ နှင့် နေထိုင်မကောင်းသည့်အခါ အိမ်၌နေခြင်းနှင့် စစ်ဆေးမှုခံယူခြင်းကဲ့သို့သော အခြား ကြိုတင်ကာကွယ်မှုများနှင့်တကွ  အတူအသုံးပြုသည့်အခါ COVID-19 ကူးစက်ပျံ့နှံ့မှုကို နှေးကွေးစေရန် အထောက်အကူပြုပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် အများစုကဲ့သို့ SARS-CoV-2 (COVID-19 ကိုဖြစ်ပွားစေသည့် ဗိုင်းရပ်စ်) သည် ရောဂါရှိသူတစ်ဉီး စကားပြောသည့်အခါ၊ ချောင်းဆိုးသည့်အခါ သို့မဟုတ် နှာချေသည့်အခါ ထွက်ကျလာသည့် ဗိုင်းရပ်စ်-ပါရှိသည့် အရည်စက်လေးများမှတစ်ဆင့် အဓိကအားဖြင့် ကူးစက်ပျံ့နှံသည်။ ကူးစက်ပျံ့နှံ့မှုမှာ ပိုးဖြင့်ညစ်ညမ်းနေသည့် မျက်နှာပြင်များမှတစ်ဆင့်လည်း ပြန့်ပွားနိုင်ပါသည်။ နှာခေါင်းစည်းတစ်ခုကို ရောဂါလက္ခဏာများ ရှိသည့် သို့မဟုတ် မရှိသည့် COVID-19 အပါအဝင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူတစ်ဉီးအနေဖြင့် အသုံးပြုနိုင်သည်၊ ရောဂါပိုးပါဝင်သည့် အသက်ရှူလမ်းကြောင်း အရည်စက်လေးများ ပျံ့နှံ့မှုကို လျှော့ချစေခြင်းအားဖြင့် အခြားသူများကို အကာအကွယ်ပေးရန်အတွက်ဖြစ်သည်။ နှာခေါင်းစည်းများကို ကျန်းမာရေးလုပ်သားများနှင့် စောင့်ရှောက်မှုပေးသည့် အလုပ်သမားများသည် COVID-19 အပါအဝင် အသက်ရှူလမ်းကြောင်း ကူးစက်ခံရသည့်လူတစ်ဉီးမှ လူချင်းခပ်ခွာခွာနေခြင်း မလုပ်နိုင်သည့်အခါ ၎င်းတို့ကိုယ်တိုင်ကို အကာအကွယ်ပေးရန်အတွက် အသုံးပြုကြပါသည်။

နှာခေါင်းစည်းတစ်ခုကို ဝတ်ဆင်ခြင်းသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို နှေးကွေးအောင်လုပ်ရာ၌ အဆင့်တစ်ဆင့်သာဖြစ်ပြီး အခြားသော ကြိုတင်ကာကွယ်မှုများအတွက် အစားထိုးမှုတစ်ရပ် မဟုတ်ပါ။ ကောင်းမွန်သော လက်နှင့်အသက်ရှူလမ်းကြောင်း သန့်စင်ရေး၊ လူချင်း ခပ်ခွာခွာနေခြင်း နှင့် နေထိုင်မကောင်းသည့်အခါ အိမ်၌နေခြင်းနှင့် စစ်ဆေးမှုခံယူခြင်းတို့ကို ဆက်လက် လုပ်နေရန် အရေးကြီးပါသည်။

နှာခေါင်းစည်း ဝတ်ဆင်ခြင်းမှာ ဘေးမကင်းကြောင်း သို့မဟုတ် အောက်စီဂျင်ဓါတ် ချို့တည့်ခြင်းကဲ့သို့ ပြဿနာများသို့ ဉီးတည်သည်ဟု မည်သည့် အထောက်အထားမျှ မရှိပါ။ ကျန်းမာရေး စောင့်ရှောက်ပေးသူများသည် အချိန်ကြာမြင့်စွာဖြင့် နှစ်ပေါင်းများစွာ ဤပြဿနာများ မရှိဘဲ နှာခေါင်းစည်းများကို ဝတ်ဆင်ခဲ့ကြပါသည်။

 

သြစတြေးလျနိုင်ငံ အစိုးရ၏ COVID-19 အပေါ် တုံ့ပြန်မှုတွင် အဓိက ပြောင်းလဲဖြစ်ပေါ်မှုများ အကြောင်း သိရှိနေရန် ဤဝက်ဘ်ဆိုက်ကို ပုံမှန် ကြည့်ရှုပါ။

SBS တွင်လည်း သင့်ဘာသာစကားဖြင့် COVID-19 နှင့်ပတ်သက်သည့် သတင်းအချက်အလက် အမျိုးမျိုးရှိပါသည်။ အစိုးရ သတင်းအချက်အလက်များကို ဘာသာပြန်ဆိုရန် မိုဘိုင်း အက်ဖ်နှင့် ဘရော့က်ဆာ အက်စ်တင်းရှင်းများ (browser extensions) ကိုလည်း သင် အသုံးပြုနိုင်ပါသည်။ သင့် လိုအပ်ချက်များနှင့်ကိုက်ညီမည့် တစ်ခုကို ရှာပါ။

အင်္ဂလိပ်စာဖြင့် အပို သတင်းအချက်အလက်များကို ရယူရန် www.australia.gov.au တွင်ကြည့်ပါ။