ကျန်းမာရေး

ကျန်းမာရေး သတင်းအချက်အလက်များ

အကယ်၍ သင့်တွင် အသက်ရှူရန် အခက်အခဲကဲ့သို့ ပြင်းထန်သည့် လက္ခဏာများရှိလျှင် အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီအတွက် ကျေးဇူးပြုပြီး 000 ကိုခေါ်ပါ။

ကိုရိုနာဗိုင်းရတ်စ်၏ ရောဂါလက္ခဏာများမှာ -

  • ကိုယ်ပူအဖျားတက်ခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • အသက်ရှူကျပ်ခြင်း။

အခြား ရောဂါလက္ခဏာများတ္ငင် နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား သို့မဟုတ် အဆစ်နာကျင်ခြင်း၊ အော့အန်ချင်စဖွယ်ဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ အန်ခြင်း၊ အနံ့ခံမရခြင်း၊ အရသာ ပြောင်းလဲသွားခြင်း၊ ခံတွင်းပျက်ခြင်းနှင့် ပင်ပန်းနွှမ်းနယ်ခြင်းတို့ ပါဝင်နိုင်သည်။

အကယ်၍ သင် နေထိုင်မကောင်းဖြစ်ပြီး သင် ကိုရိုနာဗိုင်းရတ်စ် ရှိနိုင်ကြောင်း ထင်မြင်လျှင် ဆေးဘက်ဆိုင်ရာ အကူအညီရှာပါ။

သင် နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရတ်စ် တိုက်ရိုက်ဖုန်းလိုင်း (National Coronavirus Helpline: 1800 020 080) ကို ပိုမိုသိရှိလိုသော သတင်းအချက်အလက်များအတွက် ခေါ်နိုင်သည်။ သင့် ဘာသာစကားကိုပြောသည့် စကားပြန်အကူအညီလိုလျှင် ကျေးဇူးပြု၍ 131 450 ကိုခေါ်ပါ။

ကျန်းမာရေး ဌာန၏ ဝက်ဘ်ဆိုက် Department of Health’s website တွင် လူများ ဘေးကင်းလုံခြုံစွာ နေရန်နှင့် လူမှုအသိုင်းအဝိုင်းသို့ အန္တရာယ် အနည်းဆုံး လျှော့ချပေးစေရန်အတွက် အထောက်အကူပြုစေရန် အင်္ဂလိပ်စာ မဟုတ်သည့် အခြားဘာသာစာများဖြင့် languages other than English အမျိုးမျိုးသော သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။

ဘာသာစကားဖြင့် နောက်ထပ် ရင်းမြစ်များကို  www.sbs.com.au/language/coronavirus တွင်တွေ့ရှိနိုင်သည်။

COVID-19 စစ်ဆေးခြင်းနှင့် ကုသခြင်း

သင့်တွင် ဗီဇာ မရှိသည့်တိုင် သို့မဟုတ် သင့် ဗီဇာ အဆင့်အတန်းကို မသေချာသည့်တိုင် သင်သည် အများပြည်သူ ကျန်းမာရေး လမ်းညွှန်များကို လိုက်နာရမည်။ အကယ်၍ သင် နေထိုင်မကောင်းဖြစ်နေပြီး မည်မျှပင် အပျော့စားဖြစ်သည့် ရောဂါလက္ခဏာများရှိလျှင် သင်သည် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူသင့်ပြီး COVID-19 စစ်ဆေးမှုခံယူသင့်သည်။

သင်နှင့်အနီးဆုံး COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးခန်း COVID-19 respiratory clinic ကို ရှာပါ။

ဘေးကင်းလုံခြုံစွာ နေပါ

  • အမြဲအားဖြင့် တစ်ကိုယ်ရေ သန့်စင်ရေး လုပ်ပါ၊ သင့် လက်များကို ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ဆေးကြောပါ၊ ဖုံးအုပ်ပြီးမှချောင်းဆိုးပါ၊ သင့် မျက်လုံးများ၊ နှာခေါင်းများနှင့် ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ပါ။
  • သင့် အိမ်ပြင်ပ ရောက်နေချိန်တွင် အနည်းဆုံး ၁.၅ မီတာအကွာအဝေး လူချင်း ခပ်ခွာခွာနေခြင်းကို ထိန်းသိမ်းလုပ်ပါ။
  • လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းနှင့် နမ်းခြင်း ကဲ့သို့ ကိုယ်ထိလက်ရောက် နှုတ်ဆက်ခြင်းကို ရှောင်ကြဉ်ပါ။
  • အကယ်၍ သင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေလျှင် အပို ဂရုစိုက်မှုကို ကျင့်သုံးပါ။
  • လူအုပ်စုများနှင့် ကြီမားသည့် အများပြည်သူ လူစုဝေးပွဲများကို ရှောင်ကြဉ်ပါ။
  • သတင်းအချက်အလက် ကောင်းကောင်းသိရှိနေအောင်နေပါ – ယုံကြည်စိတ်ချရသည့် တရားဝင် သတင်းအချက်အလက်များကိုသာ သုံးပါ။ ကိုရိုနာဗိုင်းရတ်စ် သြစတြေးလျ မိုဘိုင်း ဖက်ဖ် (app) Coronavirus Australia ကို ဒေါင်းလုဒ်ဆွဲပါ၊ ကိုရိုနာဗိုင်းရတ်စ် သြစတြေးလျ WhatsApp ဝန်ဆောင်မှု Coronavirus Australia WhatsApp service ကိုစာရင်းဝင်၍အဖွဲ့ဝင်လုပ်ပါ၊ ၎င်းအပြင် နောက်ဆုံးသတင်းအချက်အလက်များအတွက် www.australia.gov.au တွင်ကြည့်ရှုပါ။

အသက်ကြီးသူများအတွက် COVID-19 ပံ့ပိုးမှု ဖုန်းလိုင်း

အသက်ကြီးသူများအတွက် COVID-19 ပံ့ပိုးမှု ဖုန်းလိုင်းသည် အသက်ကြီးသည့် သြစတြေးလျန်းလူများအား အကြောင်းကြား၊ ပံ့ပိုးပေးပြီး ဆက်သွယ်ပေးသည်။

အသက်အရွယ် ပိုမိုအိုမင်းသောလူအချို့မှာ COVID-19 အပေါ် ပိုမိုထိခိုက်လွယ်သော်လည်း အင်တာနက်နှင့် အဆက်အသွယ်ရရှိမှု ပိုမိုနည်းပါးပြီး သူတို့၏ အခြေအနေများအတွက် သတင်းအချက်အလက်များကို ရယူရန် နည်းလမ်းများ လိုအပ်ပါသည်။ အသက်ကြီးသူများအတွက် COVID-19 ပံ့ပိုးမှု ဖုန်းလိုင်း (Older Persons COVID-19 Support Line) သည် အသက်အရွယ် ပိုမိုအိုမင်းသော သြစတြေးလျနိုင်ငံ လူထုအား သတင်းအချက်အလက်များနှင့် ပံ့ပိုးမှုကို ဆောင်ရွက်ပေးသည်။

အသက်ကြီးသော သြစတြေးလျန်းလူများ၊ ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် စောင့်ရှောက်သူများသည် အခမဲ့ ဖုန်း 1800 171 866 ကိုခေါ်နိုင်သည် အကယ်၍ သူတို့သည် -

  • COVID-19 ပိတ်ပင်ကန့်သတ်ချက်များအကြောင်းနှင့် သူတို့အပေါ် ၎င်း၏ သက်ရောက်မှုအကြောင်း တစ်စုံတစ်ယောက်နှင့် ပြောဆိုလိုလျှင်
  • အထီးကျန်မှုကို ခံစားရလျှင် သို့မဟုတ် ချစ်ခင်ရသူအတွက် စိုးရိမ်ပူပန်နေလျှင်
  • တစ်စုံတစ်ယောက်ကို စောင့်ရှောက်နေရပြီး သတင်းအချက်အလက်အချို့ လိုအပ်လျှင် သို့မဟုတ် တစ်စုံတစ်ယောက်နှင့် ပြောဆိုလိုလျှင်
  • သူတို့လက်ခံရရှိနေသည့် သက်ကြီးစောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ပြောင်းလဲခြင်းအကြောင်း အကူအညီ သို့မဟုတ် အကြံဉာဏ် လိုအပ်လျှင်
  • စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုအသစ်များ သို့မဟုတ် စျေးဝယ်ခြင်းကဲ့သို့ မရှိမဖြစ် လိုအပ်သည့် အရာပစ္စည်းများ ရယူရန် အကူအညီ လိုအပ်လျှင်
  • မှတ်ဉာဏ်ဆုံးရှုံးမှု ရောဂါ (Dementia) ရှိသည့် မိမိတို့ကိုယ်တိုင်၊ မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ရှိနေလျှင်
  • မိမိတို့ကိုယ်တိုင်အတွက် သို့မဟုတ် တစ်စုံတစ်ယောက်ယောက်အတွက် တစ်ခါတည်း သို့မဟုတ် ပုံမှန် ကျန်းမာသာယာဝပြောရေးကို စစ်ဆေးပေးရန် စီစဥ်လိုလျှင်

အသက်ကြီးသည့် သြစတြေးလျန်းလူများ၊ ၎င်းတို့၏ ဆွေမျိုးများ၊ စောင့်ရှောက်သူများ၊ မိတ်ဆွေများ သို့မဟုတ် ပံ့ပိုးသူများသည် ဖုန်း 1800 171 866 ကို သြစတြေးလျန်းအရှေ့ပိုင်းစံတော်ချိန် နံနက် ၈.၃၀ နာရီမှ– ည ၆ နာရီအထိ ရုံးဖွင့်ရက် တနင်္လာမှ သောကြာနေ့များတွင် ၎င်းတို့လိုအပ်နိုင်သည့် သတင်းအချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ခေါ်နိုင်သည်။

အချက်အလက်စာစောင်များ